ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မန္တလေး မေ ၂၃

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအ ခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ပြည်ကြီးတံခွန်မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇာနည်ဝင်းက ကလေးအလုပ်သမားပ ပျောက်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့လုပ်ငန်းစဉ်အတွက် လျာထားဆောင်ရွက်မည့် အစီအစဉ်များ၊ အသိပညာပေးဆောင်ရွက်နေမှုများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အားလုံးကပူးပေါင်းပြီး ဝိုင်းဝန်းဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း