အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2022
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် ဇီဝဂေဟစနစ် ထိန်းသိမ်းနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပြီး တောင်ကြီးတက္ကသိုလ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဝင်း အတွင်းရှိ မောဧကရီ အဆောင်ရှေ့၌ ကျင်းပသည်။
Jun 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း နွားများ လွှတ်ကျောင်းခြင်းစနစ်မှ ခြံလှောင်စနစ်သို့ ပြောင်းလဲမွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၂ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် လိုအပ်သော တိရစ္ဆာန်အစာပင် လုံလောက်စွာ ရရှိစေရန်အတွက် မူလတို မြတ်မျိုးစေ့များကို ဘန့်ပြင်ကျေးရွာအုပ်စု နောင်ကာမှီးကျေးရွာ၌ ယနေ့တွင် ကျေးရွာအရောက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသည်။
Jun 25,2022
(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးဦးစီးကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Jun 25,2022
လာမည့် ဇွန် ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 25,2022
၂၀၂၂-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စက်ကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Jun 25,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၂ခုနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်လန်းစိုပြည်ရေး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် (၈)နာရီခွဲက ရွှေဒါးကျေးရွာအနီး အစိုးစက်မှုလက်မှု သိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။    
Jun 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာအနီးရှိ ဦးအားကွေ၏ နို့စားနွားမွေးမြူရေးခြံ၌ ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ပြီး မိုးရာသီ မွန်ဘာဆား(Mombasa) တိရိစ္ဆာန်အစာပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Jun 25,2022
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။