အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ “အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲကို ယ​နေ့ နံနက်(၁၁) နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၄၈)မူးယစ်တပ်ဖွဲ့စုနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Jun 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့(ဃ)ရပ်ကွက်၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါ မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အေးချမ်းသာယာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2022
မကွေးတိုင်းဒေသကြီး မွေးမြူရေးကဏ္ဍဖွံ့တိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု အမှတ်(၄)ချည်မျှင်နှင့် အထည်စက်ရုံ(ပွင့်ဖြူ)မှ ပြန်လည်စွန့်လွှတ်သည့် ဧရိယာအတွင်း မွေးမြူရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး အစီအမံများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
Jun 25,2022
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ ကရင်ပြည်နယ် ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီဝင် မြို့မိမြို့ဖများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jun 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း  အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး maskများ မျှဝေခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ လင်းလွန်းမြောက်ရပ်ကွက်၊ သံတံတားရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။