ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မရမ်းကုန်း ဇွန် ၂၅

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေ တင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက မိမိတို့ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးခဲ့ပြီး အမျိုးသမီးကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

အေးအေးအောင်(ပြန်/ဆက်)