အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပွဲသာကျေးရွာအုပ်စု ပျဉ်းမပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ  ကျပ်(၃၀၀) သိန်းအား ထုတ်ချေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း  သိရသည်။
Jul 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ရုံးပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် (၂) နာရီက မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင်  GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ (Point)များ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက်နှင့်၊ ရွာမွန်၊ န-ကျားထူး၊ ပိတောက်ငုတ် ကျေးရွာများသို့ ကွင်းဆောင်ရွက်လျက်‌ရှိကြောင်း သိရသည်။
Jul 09,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင် (၇၅)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အကြိုအသိပညာ​ပေး (Talk Show) ကို ယ​နေ့နံနက် ၁၀နာရီခွဲက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကိုယမန်နေ့ နေ့လယ်ပိုင်းက ပန်းတောင်း အ.ထ.က၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင် အား ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
Jul 09,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက်ပိုင်းက မကွေးနည်းပညာတက္ကသိုလ်တွင် ကျောင်းသား/သူအိပ်ဆောင် RC (၃) ထပ်ဆောင် တည်‌ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။