နတ်မောက်မြို့နယ်တွင် GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ (Point)များ ကောက်ယူ

နတ်မောက်  ဇူလိုင် ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင်  GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ (Point)များ ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက်နှင့်၊ ရွာမွန်၊ န-ကျားထူး၊ ပိတောက်ငုတ် ကျေးရွာများသို့ ကွင်းဆောင်ရွက်လျက်‌ရှိကြောင်း သိရသည်။

ထိုသို့ GIS နည်းပညာဖြင့် ရပ်ကွက်၊ ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်မောက်မြို့နယ် ဦးစီးမှူးရုံးက ဦးစီးအရာရှိ ဦးမျိုးတင့်နှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် GIS နည်းပညာအား အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာ တည်နေရာ(Point)များ ကောက်ယူပြီး မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်အား ထိရောက်စွာ ပံ့ပိုးနိုင်ရန်၊ ‌စာရင်းကောက်ယူရမည့်ဒေသများ ကျန်ခြင်း၊ ထပ်ခြင်းမရှိစေရန်အတွက် နယ်နိမိတ်တိကျသည့် စာရင်းကောက်ကွက်များ ပိုင်းခြားသတ်မှတ်နိုင်ရန်နှင့် စာရင်းကောက်ယူသည့် ဒေသများကို မြေပုံများဖြင့် တိတိကျကျ ညွှန်ပြနိုင်ရန် ရည်ရွယ်၍ အဆိုပါ လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ‌ဦးမျိုးတင့်ထံမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ကျေးရွာအုပ်စု(၈၀)ရှိပြီး၊ ဇူလိုင်လ (၈) ရက်နေ့အထိ ကျေးရွာအုပ်စု(၆)အုပ်စုသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့ GIS နည်းပညာဖြင့် တည်နေရာ (Point)များ ကောက်ယူခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လှဝင်း