ပန်းတောင်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကိုယမန်နေ့ နေ့လယ်ပိုင်းက ပန်းတောင်း အ.ထ.က၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမဲခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်က ကလေးများ သဘာဝဘေး ကျရောက်လာပြီဆိုပါက ဆောင်ရန်၊ရှောင်ရန်များ စသည့် အသိပညာပေးဟောပြောပွဲများ ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသား/သူများကို ဘောပင်များ၊ ဗလာစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် ကျောင်းအုပ်ကြီးထံသို့ မိုးကြိုးဘေးအသိပညာပေး ဗီနိုင်းအကြီး ၁ ခု ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)