ပင်းတယ ဇူလိုင် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့် ရုံးပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် (၂) နာရီက မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပင်းတယမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ဘိုမြင့်က မီးသုံးစွဲသည့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ မီးအသုံးပြုရာတွင် ဂရုပြုဆင်ခြင်ရမည့် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မိမိတစ်ဦးတစ်ယောက်ပေါ့လျော့မှုကြောင့် မီးဘေးအန္တရာယ်သည် အများပြည်သူ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးနိုင်ကြောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးသတိပြုရန် နှိုးဆော်ဆောင်ရွက်ချက်များ လိုက်နာကြစေလိုကြောင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား အများပြည်သူများသိရှိစေရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ်