အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2022
ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပေါက်တောမြို့ရှိ အ.ထ.က ပေါက်တော၊ ရွှေဘန်းခန်းမတွင် ကျင်းပသည်။
Jul 09,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် ကျောက်ဖြူမြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက် ကြသည်။
Jul 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Centre) တွင်ယနေ့နံနက် (၁၀း၀၀)နာရီက (၇၅) နှစ်မြောက်အာဇာနည်နေ့အကြို နံရံကပ်စာ​စောင်၊ ဓါတ်ပုံပြပွဲ နှင့်ဟောပြောပွဲ ကျင်းပ​ဆောင်ရွက်ခဲ့သည်။            
Jul 09,2022
 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌  ဇူလိူင်(၁၉)  ရက်နေ့တွင် ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို  အသိပညာပေး Talk  Show ကို ယနေ့နံနက်(၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 09,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေးအပ်ပွဲနှင့်မြို့သန့်ရှင်းသာယာလှပ ရေးစုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ဇူလိုင် ၉ ရက်၊နံနက် ၉ နာရီက ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်၊ လွတ်လပ်ရေးစေတီအနီးတွင် ကျင်းပြုလုပ်ကြောင်းသိရသည်။
Jul 09,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက်(၇း၀၀)နာရီအချိန်က ကမာရွတ်မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ မြန်မာအသံဝင်းတွင်  အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။