စစ်ကိုင်း ဇူလိုင် ၉
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၇၅)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာမြတ်မြတ်သော်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး ၁၉ ဇူလိုင် ခေါင်းစဉ်ဖြင့် ဒေါက်တာမြင့်ထွန်းဦး၊ ပါမောက္ခ(ဌာနမှူး)၊ သမိုင်းဌာနကလည်းကောင်း၊ ယနေ့ထက်တိုင် မမေ့ရက်နိုင် ခေါင်းစဉ်ဖြင့် ဒေါက်တာမောင်မောင်ဆွေ၊ ပါမောက္ခ(ဌာနမှူး)၊ မြန်မာ စာဌာနတို့ကလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောပေးခဲ့ကြသည်။
ဟောပြောပွဲသို စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်နားထောင်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)