မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးနည်းပညာတက္ကသိုလ်တွင် ကျောင်းသား/ သူ အိပ်ဆောင်ဆောက် လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေး ဇူလိုင် ၉

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက်ပိုင်းက မကွေးနည်းပညာတက္ကသိုလ်တွင် ကျောင်းသား/သူအိပ်ဆောင် RC (၃) ထပ်ဆောင် တည်‌ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားရာ ကျောင်းသား/သူ အိပ်ဆောင် RC (၃) ထပ်ဆောင် တည်‌ဆောက်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်သွားရန်၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန်၊ မကွေးနည်းပညာတက္ကသိုလ် ကျောင်းဝန်း သန့်ရှင်းသာယာလှပရေး သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိရန်၊ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက အဆိုပါ ကျောင်းသားအိပ်ဆောင်RC (၃) ထပ်အဆောက်အဦအား ခွင့်ပြုရန်ပုံငွေ ၁၇၅၈.၁၁၆ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၁၁ပေx ၁၄၃ပေ၆လက်မ အကျယ်အဝန်းရှိပါကြောင်း၊ အဆောက်အဦ ပြီးစီးပါက ကျောင်းသား/ကျောင်းသူ ၂၄၀ ဦးထိ ထားရှိနိုင်မည်ဖြစ်ပါကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မကွေးနည်းပညာတက္ကသိုလ်ရှိ ဆရာ/မများနှင့် ကျောင်းသား/သူများအတွက် နှာခေါင်းစည်း Mask နှင့် Hand Gel များပေးအပ်ရာ မကွေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် မကွေတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိ သူများက ကျောင်းသားအိပ်ဆောင် RC (၃) ထပ် ဆောက်လုပ်ရန်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုအောင်