မိုင်းဖြတ်မြို့နယ်၌  (၇၅)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အကြိုအသိပညာ​ပေး(Talk show)ပြုလုပ်

မိုင်းဖြတ် ဇူလိုင် ၉

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ်တွင် (၇၅)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် အကြိုအသိပညာ​ပေး (Talk Show) ကို ယ​နေ့နံနက် ၁၀နာရီခွဲက မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  အသိပညာ​ပေး (Talk show)​ဆွေး​နွေပွဲတွင် အာဇာနည်​နေ့နှင့် အာဇာနည်စိတ်ဓါတ် ​ခေါင်းစဉ်ပါ အ​ကြောင်းအရာများကို​ဆွေး​နွေးခဲ့ကြရာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦး​ရှောလမွန် အသိပညာ​ပေး (Talk show)​ ဆွေး​နွေပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်   အာဇာနည်​နေ့ ဖြစ်​ပေါ်လာပုံသမိုင်းအ​ကြောင်း သိ​ကောင်းစရာများကိုလည်း​ကောင်း၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန်းထွန်း​အေးက ဝန်ကြီးများ အစည်းအ​ဝေး၌ အာဇာနည်​ခေါင်း​ဆောင်ကြီး ကိုးဦး လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်သည့် ​ သမိုင်းပုံရိပ်များကိုလည်း​ကောင်း၊ ဒုတိယဦးစီးမှူး ​ဒေါ်​ဌေး​ဌေးမာက အာဇာနည်စိတ်ဓါတ် စသည့် အ​ကြောင်းအရာများကိုလည်း​ကောင်း အသီးသီးဆွေး​နွေးခဲ့ကြသည်။

ထိုသို့ အသိပညာ​ပေး(Talk Show)ကျင်းပပြုလုပ်ရခြင်းသည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၉ရက်​နေ့တွင်ကျ​ရောက်မည့် (၇၅)နှစ်​မြောက် အာဇာနည်​နေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် မြန်မာနိုင်ငံ လွတ်လပ်​ရေးရရှိရန်အတွက် အသက်​ပေးကြိုစားခဲ့ကြသည် အာဇာနည် ခေါင်း​ဆောင်းကြီးများကို ​အစဥ်​အောက်မေ့သတိရစေဖို့ စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)