အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့၊ မွန်းလွဲပိုင်းက စာ‌ပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် ဒို့ကျေးရွာဂျာနယ်ဖတ်ရှုသူ ပရိတ်သတ်များ၏ ဆွေးနွေးပွဲ (Talk Show) ကျင်းပခဲ့ကြောင်း သိရသည်။
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဟင်္သာတတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
Jul 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာကောင်းမွန်စေရန်မြောင်းများ တူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန်
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်တက္ကသိုလ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ‌၊ ဆောင်းပါးပြိုင်ပွဲကို ဇူလိုင် (၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲအခမ်းအနားအား ယမန်နေ့က မအူပင်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံ ပြပွဲနှင့်စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါ အပါအဝင် စုစုပေါင်း ဝါဧက ၈၅၀၀ လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။