အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကာလိမြို့၌ အလုပ်သမားမှတ်ပုံတင်ကတ်ပြား အခမဲ့ဝင်ဆောင်မှုပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၁၀)ရီအချိန်ခန့်က ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက်ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ ကလေးစာဖတ်ခန်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2022
(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပုလောမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း န၀ရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (ဝါးခယ်မ)မှ စက်မှုလယ်ယာ နည်းပညာသင်တန်း ကျောင်းသား၊ ကျောင်းသူများအား KUBOTA ကောက်စိုက်စက် (၆-တန်းသွား) ဖြင့် စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေရွာ ကွင်းအမှတ် (၁၀၀၃)၊ ဦးပိုင်အမှတ်(၁၇/၂) တောင်သူ ဦးရွှေပွား၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှုပ်ရှားမှုကိုတိရစ္တာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂)ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 15,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံပြန်မှုများဆိုင်ရာ  Simulation exercise အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 15,2022
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်တွင် ယမန်နေ့နံနက်က(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။