အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့​သည်။
Jul 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ကျောင်း သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်၊ စာပေကို လက်ဝယ်အရောက် ဖတ်ရှု့နိုင်စေရန်နှင့် စာပေကို ပိုမိုဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ/ရသ စသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Jul 15,2022
ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 15,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယမန်နေ့က အမှတ်(၁)ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်များတွင် စားသုံးရန်မသင့်သည့် အချိုရည်များနှင့် အချဉ်ပေါင်းများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Jul 15,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာကျောင်းဆောင်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နေ့လည် ၁နာရီ ၃၀မိနစ် အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 15,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ငဝန်ရေကာတာ၊ တာမိုင်(၄၆) ဗောဓိရေကင်းစခန်းအနီးသို့ ရောက်ရှိခဲ့ပြီး မြစ်ရေအခြေအနေ၊ ရေကာတာ ကြံ့ခိုင်မှုအခြေအနေနှင့် မိုးရာသီရေဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Jul 15,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jul 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း‌ ဆီထွက်သီးနှံမိုးနေကြာ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိသော နေကြာစိုက်ခင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး‌ရေးအဖွဲ့ဝင်ဌာနများက ယနေ့နံနက် ၈ နာရီအချိန်တွင် မိုက်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖယ်ကျေးရွာနေ တောင်သူဦး‌မောင်မြင့်၏ ယာမြေနေရာ၌ စိုက်ပျိုးထားသောဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်း သုံးဧကနှင့်ရေဆင်းစပ်မျိုး(၁) နေကြာပညာပေးစံပြစိုက်ခင်း နှစ်ဧကနေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။