Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လုံခြုံရေးသတိထားရှိရန်နှင့် ဌာနဆိုင်ရာအခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Jul 16,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၂ နာရီ က မြို့နယ်စီမံအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး၊ (၂၀၂၂)ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်
Jul 16,2022
၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်(၈) နာရီအချိန်က မကွေးဆေးတက္ကသိုလ်ဝန်းအတွင်း ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေ ဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Jul 16,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက KS Hotel ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
Jul 16,2022
ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jul 16,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အမှတ်(၄) အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် လှည်းကူးမြို့နယ် စစ်ပင်မြောက်ကျေးရွာတွင် ချောင်းအနီး မြေနိမ့်ပိုင်းရှိ နေအိမ်အချို့ ရေနစ်မြုပ်
Jul 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ကျေးရွာတွင် ယမန်နေ့ညပိုင်းက ငမိုးရိပ်ချောင်းရေ မြင့်တက်မှုကြောင့် ချောင်းအနီး မြေနိမ့်ပိုင်းရှိနေအိမ် (၇)လုံးခန့် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jul 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ရေစီး ရေလာကောင်းမွန်စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ကဝ)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ် ဂဝံလမ်းခင်းခြင်း ဆောင်ရွက်မည့် နေရာအားကျေးလက် ခရိုင်ဦးစီးမှူးနှင့် အဖွဲ့ကွင်းဆင်းစစ်ဆေး
Jul 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကံမြင့်ကျေးရွာတွင် ကျေးရွာကုန်ထုတ်ဂဝံလမ်းခင်းခြင်း ဆောင်ရွက်မည့်နေရာအား သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုငဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ခံ အင်ဂျင်နီယာများ ကုမ္ပဏီမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှု တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16842
Page
16843
Page
16844
Page
16845
Current page
16846
Page
16847
Page
16848
Page
16849
Page
16850
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department