အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2022
သံတွဲခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက e-ID စနစ်ဖြင့်  အိမ်ထောင်စု စာရင်းများ ရေးသွင်းရန်အတွက် Zoom Meeting ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
Jul 14,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အားဇာနည်နေ့အထိမ်းအမှတ် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 14,2022
၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုဇွန်တောင်မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်
Jul 14,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ‌စစ်တွေခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၂၂) ကို စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ၃ ရက်ကြာဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စု၊ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်၏ (၆၂)နှစ်မြောက်ဝိဇာတ (မွေးနေ့) အလှူတော်မင်္ဂလာအထိမ်းအမှတ် ကွန်ကရစ်လမ်းများဖွင့်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ကလေးပရိယတ္တိ စာသင်တိုက် ပရဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြသည်။
Jul 14,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အမှတ် (၂) အခြေခံပညာအထက်တန်း​ကျောင်း၌ (၇၅) နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ်အကြို​ ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသ​ခြင်းကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က ယင်း​ကျောင်းရှိစွယ်​တော်ခန်းမ၌ ကျင်းပခဲ့သည်။
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  မွေးမြူတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှုပ်ရှားမှုကို တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပသည်။