ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂) ကျင်းပ

ဒဂုံမြောက် ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၃၇) ရပ်ကွက်ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာများ အနေနဲ့ သက်ဆိုင်ရာကဏ္ဍများအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာလိုအပ်ချက်၊ အခက်အခဲများကိုတင်ပြကြရန်၊ မိမိတို့အနေနဲ့ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းများ အဂတိတရားကင်းရှင်း‌‌စေရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများမှဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအားသိရှိနားလည် ရန်လိုအပ်ကြောင်း၊  မြို့နယ်အတွင်း ကိုဗစ်-၁၉‌ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း အသိပညာပေးခြင်းလုပ်ငန်းများ၊ မြို့အင်္ဂါရပ် နှင့်အညီ သန့်ရှင်းသာယာ‌ရေး၊ ရုံးဌာနများနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊   အခြေခံပညာ ကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်သွားရန်၊  မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန်၊  မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများအတွက် အကျိုးရှိ‌သောလုပ်ငန်းများအား အဓိကထား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ”  ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းဦးစီးမှူး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဌာနှစ် စီမံကိန်းဆိုင်ရာများရှင်းလင်း ဆွေးနွေးပြီး  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ