ကာလိ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကာလိမြို့၌ အလုပ်သမားမှတ်ပုံတင်ကတ်ပြား အခမဲ့ဝင်ဆောင်မှုပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၁၀)ရီအချိန်ခန့်က ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် လွိုင်လင်ခရိုင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူက ဝန်ထမ်းများကိုဦးဆောင်ပြီး ကာလိမြို့ပေါ်(၆)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အစိုးရဝန်ထမ်း အလုပ်လျှောက်ရာတွင်လည်းကောင်း၊ ပုဂ္ဂလိကဝန်ထမ်း အလုပ်လျှောက်ရာတွင်လည်းကောင်း၊ ကုမ္မဏီဝန်ထမ်းလုပ်ငန်း အလုပ်လျှောက်ရာတွင်လည်းကောင်း အသုံးပြုနိုင်ရန် အလုပ်သမားမှတ်ပုံတင်ကတ်ပြားကို သက်တမ်းတစ်နှစ်ဖြင့် အခမဲ့ဝင်ဆောင်မှုဖြင့် ကွင်းဆောင်ရွက်ပေးလျက်ရှိရာ ကာလိမြို့ ဒေသခံပြည်သူများတို့က လာရောက်ပြုလုပ်ခဲ့ကြပြီး ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)