ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်

နမ့်ဆန် ဇူလိုင် ၁၅

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လှုပ်ရှားမှုကိုတိရစ္တာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို (၁၁.၇.၂၀၂၂)ရက်နေ့မှ (၁၇.၇.၂၀၂၂)ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုပြုလုပ်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြခဲမှ မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်တတ်သော အရေပြားအကျိတ်နာရောဂါ၊ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါလက္ခဏာများအား စူးစမ်းထောက်လှမ်းခြင်း၊ နမူနာကောက်ယူခြင်းနှင့် ဓာတ်ခွဲခန်းသို့ပေးပို့ခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဇီဝလုံခြုံမှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းစသည့်   လုပ်ငန်းများကို အာရမ်းကျေးရွာ၊ ပန်မကြုံကျေးရွာများသို့ ဆောင်ရွက်လျက်ရှိပြီး ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဌာနဝန်ထမ်းများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားဖြင့် ဖွဲ့စည်းထားသော အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များဖွဲ့စည်းထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)