(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပုလော ဇူလိုင် ၁၅

(၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပုလောမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း န၀ရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဟိန်းကျော်က ကျောင်းသား ကျောင်းသူများအနေဖြင့် ဦးညွှတ်အလေးပြု ထိုက်သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးဂုဏ်ကို သိရှိတန်ဖိုးထားတတ်စေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အတုယူလေးစားဖွယ်ရာ စိတ်ဓာတ်ကို ပြောကြားခဲ့ကြောင်းနှင့် အထက်တန်းပြ မြန်မာဆရာမ ဒေါ်အေးအေးလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် မူလတန်းကျောင်းသူလေး မသွန်းလင်းလက်နိုင်က အာရှသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သီချင်းကိုသီဆို၍  အာဇာနည် ခေါင်းဆောင်ကြီးများကို ကျေးဇူးကို အောက်မေ့ဂုဏ်ပြု သီဆိုခဲ့ကြောင်းနှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်း အဆင့်ကျောင်းတွင်း စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ပထမ/ ဒုတိယ/ တတိယ ဆုရ ကျောင်းသား/ ကျောင်းသူများကို ကျောင်းအုပ် ဆရာကြီးက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)