ကျိုက်မရော ဇူလိုင် ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုက်မရော မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါတိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အရေးပေါ်တုံပြန်မှုများဆိုင်ရာ Simulation exercise အဖြစ်ကျိုက် မရောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် အရေးပေါ်တုံပြန်ရေးအဖွဲ့များ ဖွဲ့စည်း၍ တိရစ္ဆာန်များ မွေးမြူထားသော ခြံပိုင်ရှင်များအား တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်စိုးလင်းနှင့် ဒေါက်တာ ဆုမွန်တို့က ကျွဲ နွားများတွင်ဖြစ်တတ်သော ကျွဲ နွားလည်ချောင်းကွဲရောဂါ၊ ခွာနာရောဂါများအကြောင်း အသိပညာပေးဟောပြောပြီး ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မွေးမြူရေးနှင်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်စိုးလင်းထံမှ သတင်းရ ရှိသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)