ညောင်ဦး ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က စာပေ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဒေါ်ယုယုလှိုင်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးမှ အမှာစကားပြောကြားပြီး စာအေုပ်စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား စာပေချစ်မြတ်နိုးသူများက ဆွေးနွေးကြကြောင်း သိရသည်။ ထိုစာအုပ်တွင် ခေါင်းစဉ်ခွဲ ၃၈ ခုဖြင့် ခွဲခြမ်းစိတ်ဖြာ ရေးသားထားပြီး စာမျက်နှာ ၁၈၀ ပါကြောင်းသိရသည်။
ကိုကြေးမုံ