မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများဆေးထိုးသားဖောက်ခြင်း နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်လှစ်

မင်္ဂလာဒုံ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားဝန်းအတွင်းရှိ ငါးလုပ်ငန်းစခန်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်နှစ်ပင်ဇုန်နှင့် ဒေသတွင်းငါးမွေးတောင်သူများအား အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်းနှင့် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမြင့်ရွှေက သင်တန်းဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးတင့်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ပြောကြားခြင်းနှင့် သင်တန်းနည်းပြ ဆရာမ ဒေါ်မြမြဆင့်မှ မိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် တတ်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးခြင်းမိတ်ဆက်ကြပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

သင်တန်းကာလမှာ (၂၀-၇-၂၀၂၂) ရက်နေ့မှ (၂၂-၇-၂၀၂၂) ရက်နေ့အထိ (၃)ရက်ကြာဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား (၄၈) ဦးနှင့် သင်တန်းသူ (၂) ဦး၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၅၀) ဦး တတ်ရောက်ကြမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် ( မင်္ဂလာဒုံ)