အမြို့မြို့အနယ်နယ်သတင်းများ

Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
Jun 10,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ​မေလ  ၂၂ ရက်​နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ဒဏ် ခံစားခဲ့ရသည့် လေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Fitness Dance သင်တန်းအား ယမန့်နေ့ ညနေ ၄ နာရီ အချိန်တွင် ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 10,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦမြို့နယ် ခရိုင်စာရင်းစစ်ရုံး မြေနေရာအသုံးပြုထားခြင်းအတွက်၊ ညောင်ဦးမြို့နယ် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
Jun 10,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ကျေးရွာကွင်း အမှတ်(၇၇၃A)၊ ဦးရွှေညာ လယ်မြေ(၃ဧက)၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ခင်း ထယ်ထိုးမြေပြုပြင်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Jun 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ နေကြာစိုက်ခင်းနှင့်ကြံစိုက်ခင်းများ စနစ်တကျစိုက်ပျိူးထားရှိပြီး အထွက်နှုန်းကောင်းများရရှိရန်အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုသည်။
Jun 10,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု၊ တုန်းခေါင်းကျေးရွာနေ (သုံးမွှာပူး) မွေးဖွားသောကလေးမိခင်အား ယမန်​နေ့နံနက် ၁၀ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပတ္တမြားခန်းမဆောင်တွင် ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် စလင်းမြို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ထောက်ပံ့ငွေနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။