အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာနအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာကလတွင် ပိတ်ထားခဲ့သော်လည်း ယခု ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
Jun 21,2022
ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဇွန်လ ၁၅ ရက်နေ့က လူနေအိမ်(၂)လုံး မီးလောင်ကျွမ်းခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူလက်ဝယ်အရောက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က လယ်ကျိုးကျေးရွာတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာတွင် ဆီထွက်သီးနှံ မိုးနေကြာစိုက်ခင်း အပင်ကြီးထွားရှင်သန်မှုကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်း‌ဇော်ဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယ‌မန်နေ့နံနက် ၁၁နာရီက‌ ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 21,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် KG တန်းမှ Grade-7 အတန်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဇွန် ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆွမ်ပရာဘွမ် အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မြောင်းမြမြို့များ၌ ဂျုတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲ အခမ်းအနားများအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါ မြို့နယ်များ ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။
Jun 21,2022
ရန်ကုန်‌ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၉) အ-ထ-က (၁၉)၊ လခွဲ(၁၈)၊ အမက (၃၇) ကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား / ကျောင်းသူများအား ယမန်နေ့ နံနက် (၉) နာရီက အခြေခံပညာကျောင်းများတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။