စလင်း ဇွန် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု၊ တုန်းခေါင်းကျေးရွာနေ (သုံးမွှာပူး) မွေးဖွားသောကလေးမိခင်အား ယမန်နေ့နံနက် ၁၀ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ပတ္တမြားခန်းမဆောင်တွင် ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် စလင်းမြို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ထောက်ပံ့ငွေနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု တုန်းခေါင်းကျေးရွာနေထိုင်သူ ကလေးမိခင်နှင့်ဖခင်များဖြစ်ကြသော ဦးမောက်+ဒေါ်သန်းလှတို့မှ မွေးဖွားသန့်စင်သော ကလေးငယ် (၃) ဦးအတွက် ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းမှ ငွေကျပ်(၃၀၀၀၀၀)ကျပ်၊ စလင်းမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များမှ သုံးမွှာပူးကလေးငယ် (၃) ဦးတို့အတွက် (၃၀၀၀၀) ကျပ်တန်ဖိုးရှိ လိုအပ်သော ဆေးဝါးများနှင့်ကလေးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်၍ ထောက်ပံပေးအပ်ခဲ့ကြောင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ဇင်မာအောင်(ပြန်/ဆက်)