မြန်အောင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များ ပါဝင်သော ကွင်းဆင်းအဖွဲ့(၂) စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် စက်တင်ဘာ ၃ ရက်နေ့ နံနက်က သပြေကုန်းကျေးရွာအုပ်စုအတွင်း ကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ကွင်းဆင်းအဖွဲ့ (၂) စစ်ကြောင်းကြီး (၅)ကြောင်းသည် သပြေကုန်းကျေးရွာအုပ်စု၌ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပညာရေး၊ ဒေသခံပြည်သူ လူထုများနှင့်အတူ အ.ထ.ကသပြေကုန်း ကျောင်းသန့်ရှင်းသာယာလှပရေး၊ ပလတ်စတစ်အမှိုက်စင်ရေး ဆောင်ရွက်ခြင်း၊ သပြေကုန်းကျေးရွာအုပ်စု (ကြို့ကျောင်း၊ အင်းဝမြောက်၊ မျောက်ချောကုန်း၊ ဇီးဖြူကွင်း၊ အင်းဝတောင်၊ သဲဖြူကွင်း၊ ရှားတော၊ ဘုရားကြီးကုန်း၊ ငါးရံ့ဒိုင်း၊ ညောင်တေး၊ ဆိတ်ဖူးကုန်း၊ အင်းကွယ်)ကျေးရွာတို့မှ ဒေသခံပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုး နှံပြီးသူများအား ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် (QR Code) ပေးအပ်ခြင်း၊ ကျေးလက်လမ်းဦးစီးဌာနမှ သပြေကုန်းတိုက်နယ်ဆေးရုံအတွက် အလှူငွေ (၁၅၀၀၀၀)ကျပ် လှူဒါန်းခြင်း၊ ဖုန်း၊ သွန်၊ လဲ၊ စစ် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်း၊ ရေစည်/ရေ အိုး/ ရေစင်/ဘုရားပန်းအိုးများအတွင် ပိုးလောက်လမ်းရှိ/မရှိ စစ်ဆေးပေးခြင်း၊ အဘိတ်ဆေးခတ်ခြင်း များ အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် သပြေကုန်းကျေးရွာအုပ်စု၊ နယ်မြေရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး၊ တရားဥပဒေစိုးမိုး၊ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်အောင် (ပြန်/ဆက်)