ကြံခင်းမြို့တွင်အနှေးယာဉ်များ၏ အရှေ့/အနောက်ရောင်ပြန် စတစ်ကာစနစ်တကျကပ်ထားရန် အသိပညာပေး

ကြံခင်း စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ရှိ အနှေးယာဉ်များ၏ အရှေ့/အနောက်တွင် စတစ်ကာစနစ်တကျ ကပ်ထားရန် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် အနှေးယာဉ်များအား စတစ်ကာကပ်ခြင်း အသိပညာပေးဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ်အတွင်း တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်နှင့် တာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မှ ကင်းဝေးစေရန် အနှေးယာဉ်များ၏ အရှေ့/အနောက်တွင် စတစ်ကာကပ်ထားခြင်း ရှိ/မရှိကို (၃-၉-၂၀၂၂) ရက်နေ့မှ စတင်ကာ အသိပညာပေးကာလအဖြစ် သတ်မှတ်ပြီး စတစ်ကာကပ်သည့် နေရာမှန်ကန်ရေး၊  စတစ်ကာစနစ်တကျ ကပ်ထားရန် အသိပညာပေးကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း အနှေးယာဉ်(၃၃၂)စီးရှိကြောင်းနှင့် အသိပညာပေးကာလ ပြီးဆုံးပါက  အနှေးယာဉ်များ ၏ အရှေ့/အနောက်တွင် စတစ်ကာစနစ်တကျကပ်ခြင်းအား စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)