မြန်အောင် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက် များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာ ကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့ နံနက်က မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်ပေးရာတွင် ဘီးစီဂျီ၊ အသဲရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်း လျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသဲရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ် ဆေး)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက် နှစ်လ၊ အသက် လေးလ၊ အသက် ခြောက်လ၊ အသက် ကိုးလနှင့် အသက်တစ်နှစ်ခွဲတို့တွင် သတ်မှတ်ဆေးထိုးရက် အကြိမ်ရေအလိုက် ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်