အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စီမံကိန်းလုပ်ငန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ နံနက် ၉ နာရီတွင် မအူပင်ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ ဖွင့်လှစ်ပေးခဲ့ သည်။
Sep 06,2022
၂၀၂၂ခုနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(တောင်ပိုင်းဇုံ) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာ(၅)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာရှိ  ဝိစိတ္တာရာမခိုနန်းရှင်ကျောင်းတိုက်တွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၇)ရပ်ကွက်ရှိ မိဘဂုဏ်ရည်ဆန်စက်ရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်မှ စတင်ရောင်းချ ပေးလျက်ရှိ​သည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီမှ စျေးဆိုင်များတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ် စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ရာ စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ပဒေသာစျေးနှင့် ဌေးဝင်းဈေးအတွင်း အပြင်ရှိ ဆိုင်ခန်းများ၊ ဈေးရောင်းဈေးဝယ်လာ ပြည်သူများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့​သည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း‌ရေးအဖွဲ့နှင့် မြို့ဝင်မြို့ထွက် စစ်ရေးဂိတ်တွင် တာဝန်ထမ်းဆောင် သော သက်ဆိုင်ရာဌာနဆိုင်များ ပူးပေါင်း၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ငပုတောမြို့ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းကြားရှိ မြို့ဝင်မြို့ထွက် စစ်ဆေး‌‌ရေးဂိတ်၏ ရှေ့ဘက်နှင့် ယင်းမာလမ်း၏ ဝဲဘက်တွင်လည်‌ကောင်း သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။