ပြင်ဦးလွင် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာရှိ ဝိစိတ္တာရာမခိုနန်းရှင်ကျောင်းတိုက်တွင် ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုကို ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးဟန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကဌာနအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား တက်ရောက်လာသူများသို့ အသီးသီးရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာကျောင်းအတွက် ဆရာ/ဆရာမ လိုအပ်ချက်နှင့် ကျောင်းဆောင်လိုအပ်ချက်များအား ပြန် လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြင်ဦးလွင်မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်းနှင့် ကျေးရွာရှိပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးထပ်ဆောင်း ကာကွယ် ဆေး (Booster) ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ကျေးရွာသားများထံသို့ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လွန်ကောင်းကျေးရွာအုပ်စု၊ မကျီးအင်းကျေးရွာရှိ ဝိစိတ္တာရာမ ခိုနန်းရှင်ကျောင်းတိုက် ဆရာတော် ဦးဝိစိတ္တထံသို့ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ကျေးရွာပြည်သူ (၁၂၀) ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ၃နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြူလူသစ် [ ခရိုင် (ပြန်/ဆက်) ]