ဓနုဖြူမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဓနုဖြူ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၇)ရပ်ကွက်ရှိ မိဘဂုဏ်ရည်ဆန်စက်ရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်  ၈ နာရီ ၁၅ မိနစ်အချိန်မှ စတင်ရောင်းချ ပေးလျက်ရှိ​သည်။

ထို့သို့ရောင်းချပေးရာတွင် ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခမရ (၁၀၈)၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မိဘဂုဏ်ရည်ဆန်စက်မိသားစုတို့မှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ ကြက်ဥ (၆) လုံးလျှင် (၁၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သောပစ္စည်းများအား ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေ (၆၀၀)ခန့်အား စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်စားသောက်ကုန်စ္စည်းများ ရောင်းချပေးခြင်းကို တနင်္လာနေ ့နှင့် သောကြာ နေ့များတွင် တစ်ပတ်လျှင်(၂)ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

မြို့နယ်(ပြန်/ဆက်)