အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး နွားနို့တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်း အ.ထ.က (ဘီးလင်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်တာဝန်ထမ်းဆောင်နေကြသော စစ်သည်တို့အား ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး မြဝတီခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ တို့မှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ကြသည်။
Sep 06,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အသက်(၃၀)နှစ်နှင့်အထက်ရှိ အမျိုးသမီးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှုရှိစေရန်အတွက် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယညာဦးစီးဌာနမှ ကြီးမှူး၍ (Physical Fitness Dance) အားကစားသင်တန်းကို မြို့မအားကစားကွင်းကြီးတွင် ဖွင့်လှစ်ပြသပေးလျက်ရှိသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းတွင် ယမန်နေ့ နံနက်ပိုင်းက လမ်းပေါ်ရှိသွားလာနေသော ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်စီး ဦးထုပ်ဆောင်း၍ သွားလာရန်၊ မလိုလား အပ်သော ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမှ ကင်းဝေးစေရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေကျင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီးစီးသူများကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့၊ နံနက်(၁၀)နာရီက မြို့မ-အထက(ခွဲ)နှင့် သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။