အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းများ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ ကွက်ပြင် ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင်စစ်ဆေး ဂိတ်တွင် ဆောင်ရွက်ကြသည်။
Sep 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုကို ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 06,2022
  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသောအသက်(၁၂)နှစ်မှ အသက်(၁၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ   ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Booster Dose )ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့ အမှတ် (၁) အ ခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျောင်း သား/သူများအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြရွှေဝါလမ်း၊ ဓမ္မရိပ်သာလမ်း၊ စဉ်အိုးဖိုလမ်း၊ အင်ကြင်း မြိုင်လမ်း၊ မေတ္တာလမ်းနှင့် အနော် ရထာလမ်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 06,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့်  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ ဖျာပုံခရိုင် ယာဉ်ထိန်း တပ်ဖွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ယမန်နေ့ နံနက်(၁၁)နာရီ အချိန်၌ ဘိုကလေးမြို့အဝင် နတ်ချောင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
Sep 06,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  စက်တင်ဘာလ ၃ ရက် နေ့တွင် ၂၉၈ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။