မအူပင်ခရိုင်၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကျင်းပ

မအူပင် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂)ကို ယမန်နေ့ နံနက် ၉ နာရီတွင် မအူပင်ခရိုင်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားကာ ဖွင့်လှစ်ပေးခဲ့ သည်။

သင်တန်း၌ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားကြုံတွေ့ရလေ့ရှိသော မီးဘေးအပါအဝင် အခြားသော ဘေးအန္တရာယ် များအကြောင်း မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ၊ အခြေခံကြိုးချည်နည်း များ၊ ကြိုးဖြင့်အသက်ကယ်နည်းစနစ်များ၊ ခေတ်မီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ ရေတွင်း သက်ကယ်နည်းစနစ်များ၊ အသက်ရှူကိရိယာ အသုံးပြုခြင်း နည်းစနစ်များ၊ Hydraulic သုံးပစ္စည်းများ အသုံးပြုခြင်း နည်းစနစ်များအား ကျွမ်းကျင် နည်းပြများဖြင့် စာတွေ့၊ လက်တွေ့အား စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုအား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် ခရိုင်နှင့် မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုခဲ့ကြသည်။

သင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပြီး သင်တန်းသို့ မအူပင်ခရိုင်အတွင်းရှိ အရံနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း သင်တန်းသား(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)