အမြို့မြို့အနယ်နယ်သတင်းများ

Sep 06,2022
ဒေသခံပြည်သူများနှင့်ခရီးသွားများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာဆောင်ရွက် သွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီက ပေါက်ခေါင်းမြို့ စည်ပင်သာယာမြို့မဈေးရှေ့၊ ဈေးအတွင်းနှင့်မြို့လယ် လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA-4, BA-5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းများကို ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ငွေဝတ်မှုံရိပ်သာ၊ ရွှေတောင်ကြားရိပ်သာလမ်းတွင် ယနေ့နံနက် (၀၉:၁၅) အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AC ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များ ရောဂါဘယကင်းရှင်းစေရန် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန် က ကျောက်တံတားမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေးထိုးနှံလျက်ရှိသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက် (၁၂)နှစ်နှင့် (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား (တတိယအကြိမ်) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ် အ-ထ-က (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အသက်၁၂ နှစ်မှ အသက် ၁၈ အထိ ကျောင်းသား ကျောင်းသူများအား တတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်း ယနေ့နံနက်ပိုင်း က အခြေခံပညာအထက်တန်းကျောင်း (၇) ခုတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဆေးထိုးအဖွဲ့မှ တစ်ပြိုင်တည်း ထိုးနှံ‌ပေးခြင်းများ ဆောင်ရွက်ကြသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလဘုတ်ကျေးရွာအုပ်စု၊ အောက်အလဘုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%) ဖြင့် သုဿာန်သွားလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယမန်နေ့နံနက်ပိုင်း က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 06,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက် ၁၀ နာရီက သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။