မအူပင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၂)ရပ်ကွက် ကန်လေးလုံး ဘုန်းတော်ကြီးကျောင်းတိုက်အနီးတွင် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို အမှတ် (၁/၂)ရပ်ကွက်နေ ပြည်သူများအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို အားပေးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များနှင့် ဆီကုန်သည်များမှ စုပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ငွေကျပ် ၃,၀၀၀ နှုန်း၊ ဆီ ၅၀ ကျပ်သား ငွေကျပ် ၂,၅၀၀ နှုန်း၊ ဆား ၅၀ ကျပ်သား ငွေကျပ် ၂၀၀ နှုန်း၊ ကြက်ဥ ၆ လုံး ငွေကျပ် ၁,၀၀၀ နှုန်း၊ ဟင်းသီးဟင်းရွက်(၁)သိန်းဖိုးနှင့် အသားငါးများကို ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက လွတ်လပ်စွာ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)