ဒေးဒရဲမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက် ရုံးကြီးကွက်သစ် ()လမ်းထိပ်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ် စီးနှင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်၍ မောင်းနှင်ရန်၊ လူနှစ်ဦးထက်ပို၍ မောင်းနှင်ခြင်းမပြုရန်၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရန်နှင့် အချက်ပြမီးများ ကောင်းမွန်စေရန်စသည့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး လိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေဒေးသူ

မြို့နယ်(ပြန်/ဆက်)