သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံပေး

သနပ်ပင် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအား တတိယအကြိမ် (Booster Dose) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်သူများအား (တတိယအကြိမ်) Booster Dose ကိုထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသော မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉‌ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင် ကြီးကြပ်မှုဖြင့် အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)