သနပ်ပင် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အသည်းရောင် အသာဝါ၊ ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ (ငါးမျိုးစပ် ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုး၊ ရောဂါကာကွယ်ဆေး စသည့်များကို အသက်အရွယ်အလိုက် သက်ဆိုင်ရာ ကာကွယ်ဆေးထိုး၊ ဆေးတိုက်များ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသော ကလေးငယ်များအား သတ်မှတ်ရက်အလိုက် ကာကွယ်ဆေး/တိုက်များ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)