ဗဟန်းမြို့နယ်တွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်

ဗဟန်း  စက်တင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား()ရပ်ကွက်၊ ငွေဝတ်မှုံရိပ်သာ၊ ရွှေတောင်ကြားရိပ်သာလမ်းတွင် ယနေ့နံနက် (၀၉:၁၅) အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AC ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ AC ကတ္တရာလမ်းထပ်ပိုးခင်းခြင်း ဆောင်ရွက်ရာတွင် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် အကျယ် ၁၄ပေရှိသော ယခင်လမ်းဟောင်း အရှည် ၆၂၅ ပေရှိ လမ်းဖြတ် လမ်းနှင့် အရှည် ၄၀၀ ပေရှိ လမ်းဖြတ် လမ်း စုစုပေါင်း လမ်းကို ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စန္ဒာဌေး (ပြန်/ဆက်)