အမြို့မြို့အနယ်နယ်သတင်းများ

Sep 07,2022
နွားနို့သောက်သုံးခြင်းဖြင့် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွား၍ အရိုးအဆစ်များသန်မာစေရေး၊ ဉာဏ်ရည် ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေရေးအတွက် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဘားအံမြို့ပေါ် အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ် ကလေးငယ်များအား နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးခဲ့ကြသည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးနိုင် ကြီးကြပ်မှုဖြင့် မြို့မဈေးအတွင်း/အပြင်များတွင် ယနေ့နံနက် (၇)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်းရေးနှင့် ဈေးရောင်းဈေးဝယ် ပြုလုပ်နေသူများ၊ ဒေသခံပြည်သူများ၊ ခရီးသွားလာပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်မည်ဆိုပါက ပါးစပ်နှာခေါင်းစည်း (Mask) စနစ်တကျ တတ်ဆင်သည့် အလေ့အထများ ရရှိရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ပန်းအလှထိုးနည်း သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်သင်ကြားခဲ့ကြသည်။
Sep 07,2022
မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွင်စွာနှင့် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့သော ကရင်ပြည်နယ် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က၂၀၂၂ ခုနှစ်၊ မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပခဲ့သည်။
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူ​လေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယ​နေ့နံနက် ၉ နာရီချိန်က အ.မ.က သရက်တပင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စိစစ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄) အခြေခံပညာအလယ်တန်း (တွဲဘက်) ဆုံကုန်းကျောင်း၌ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၇ရက် နံနက် ၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပသည်။