Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဇလွန်မြို့တွင် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် ကမ်းနားရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ကမ်းနားရပ်ကွက် သောကြာပတ် ဆွမ်းလောင်းဓမ္မာရုံတွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က စတင်ကျင်းပရာ အပြေးပြိုင်ပွဲတွင် မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ ပြိုင်ပွဲများနှင့် အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ် ပြိုင်ပွဲများကို ကျား+မ ( ၁၆၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ သံပန်း သံဂဟေဆက်သင်တန်းဖွင့်လှစ်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သံပန်း သံဂဟေဆက်သင်တန်း အမှတ်စဉ် (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရှေ့/နောက် ရောင်ပြန်စတစ်ကာများကွင်းဆင်းကပ်ပေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ် အတွင်းရှိ အနှေးယာဉ်လုပ်သားများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတစ်ကာများ ကွင်းဆင်းကပ်ပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့တွင် Mask Campaign ပြုလုပ်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်း၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေးအတွက် ယမန်နေ့နံနက် (၈) နာရီအချိန်မှစ၍ ရေတာရှည်မြို့ရှိ စည်ပင်သာယာစျေး၌ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈)နှစ်နှင့် အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာတွင် အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး (ဒုတိယ)အကြိမ် ထိုးနှံရန် ကျန်ရှိနေသော ရဟန်း၊ သံဃာ၊ ပြည်သူများကို စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ကြံခင်း မြို့နယ် ရေနံတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး ဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉:၀၀)နာရီအချိန်ခန့်က ရေတာရှည်မြို့ရှိ စည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်များအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်မှုကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအေးချမ်းစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးမြင့်အောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့(တာဝန်ခံ) အင်ဂျင်နီယာ ဦးကျော်မြင့်နိုင်တို့ ကြီးကြပ်၍ ကျောက်ချောလမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်းအရည်အသွေး ပြည့်မီရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16282
Page
16283
Page
16284
Page
16285
Current page
16286
Page
16287
Page
16288
Page
16289
Page
16290
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department