သနပ်ပင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးနိုင် ကြီးကြပ်မှုဖြင့် မြို့မဈေးအတွင်း/အပြင်များတွင် ယနေ့နံနက် (၇)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်းရေးနှင့် ဈေးရောင်းဈေးဝယ် ပြုလုပ်နေသူများ၊ ဒေသခံပြည်သူများ၊ ခရီးသွားလာပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်မည်ဆိုပါက ပါးစပ်နှာခေါင်းစည်း (Mask) စနစ်တကျ တတ်ဆင်သည့် အလေ့အထများ ရရှိရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များ၊ နည်းလမ်းများ၊ စည်းကမ်းချက်များအား ဈေးအတွင်/အပြင် ခရီးသွားပြည်သူများအား အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်ပြီး အရောင်းအဝယ် ပြုလုပ်ရန်၊ ခရီးသွားလာကြရန် အသိပညာပေး ပြောကြားကာ Mask များ အခမဲ့ဖြန့်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)