သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဓာတ်မြေဩဇာ ပေးအပ်

သာပေါင်း စက်တင်ဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့်တွေ့ဆုံ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က၂၀၂၂ ခုနှစ်၊ မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာ ပေးအပ်ပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးသန့်ဇင်က မိုးစပါးမျိုးစေ့ထုတ်တောင် သူများအား ဓာတ်မြေဩဇာ ပေးအပ်ရခြင်းနှင့် အသုံးပြုနည်းစနစ်၊ ရရှိလာမည့် သီးနှံပိုမို အထွက်တိုး လာမည့်အကျိုးကျေးဇူးများကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးသန့်ဇင်တို့က ကွင်းအမှတ်(၆၈၃)ရှိ၊ မျိုးစေ့ထုတ်ဧက(၁၂၂)ဧက စိုက်မည့်တောင်သူ(၃၄)ဦးတို့ကို ဓာတ်မြေသြဇာ (၅၀)အိတ်တို့ကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)