ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း Mask များ တပ်ဆင်ရေး Mask Campaign ပြုလုပ်

ဖျာပုံ  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရန် Mask တပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ က Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ ဒုတိယလမ်းနှင့်စာတိုက်လမ်းဒေါင့် (၁၀)နာရီစျေးနှင့်လူစည်ကားရာ နေရာများ၌ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ က ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရန်နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ် လူစည်ကားရာ နေရာများဖြစ်သော ဒုတိယလမ်းမီးပွိုင့်ဒေါင့်နှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း Mask များအခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)