မိုးကုတ် စက်တင်ဘာ ၇
မိုးကုတ်မြို့နယ်အတွင်းရှိ ဘုရားစေတီများအနက် ပြည်တွင်းပြည်ပမှခရီးသွားများ လာရောက်ဖူးမြော်လေ့ရှိသည့် သမိုင်းဝင်မင်းဘုရားတောင် ချမ်းသာကြီးမြတ်စွာဘုရားတွင် မြို့နယ် စုပေါင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့နှင့် တပ်ဖွဲ့မိသားစုဝင်များစုပေါင်း၍ ယနေ့နံနက် (၉)နာရီ အချိန်က သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
လူသွားလူလာ များပြားသော အဆိုပါဘုရားဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ရေမြှောင်းများ ရေစီးရေလာကောင်းမွန်စေရေး ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖြစ်ပေါ်စေရေး မိုးကုတ်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များ မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် ( ၅၈)နှစ် မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာမြင့်(မိုးကုတ်)