နမ္မတူ စက်တင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဆိုက်ခေါင်-ဟိုနားတပ်အူ-နမ့်ကန်-နားကွန်လမ်းတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဘိုဘိုကျော်ငြိမ်း အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ထံက သိရသည်။
အဆိုပါ ဆိုက်ခေါင်-ဟိုနားတပ်အူ-နမ့်ကန်-နားကွန်လမ်းတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၆၀ ဒဿမ ၀၄၅ သန်းဖြင့် တင်ဒါအောင်မြင်သော Loyal Man ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် ဆိုက်ခေါင်-ဟိုနားတပ်အူ-နမ့်ကန်-နားကွန်လမ်းတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းသည် အရှည် ၁/၆ ဒဿမ ၆၈မိုင်ရှိပြီး ယခုနှစ်ဇူလိုင်လ ၁ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာများမှ ထွက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်ပစ္စည်းများကို အချိန်တိုအတွင်း မြို့ပေါ်ဈေးကွက် အရောက်တင်ပို့ရောင်းချနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)