မြစ်သားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

မြစ်သား စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (မြစ်သား) ကျန်စစ်သားခန်းမဆောင်နှင့် အ.ထ.ကမင်းဝန်ကျောင်းတို့၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ပြီး မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့ ကျန်းမာရေးဆရာ၊ ဆရာမများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က ၂၀၂၀ ပြည့်နှစ်တွင် ပထမအကြိမ်ထိုးနှံပြီးသည့် အပျိုဖော်ဝင် အမျိုးသမီးများဖြစ်သော အ.ထ.က (မြစ်သား) မှ ကျောင်းသူ(၃၁)ဦးနှင့် အ.ထ.က (မင်းဝန်) မှ ကျောင်းသူ(၂၈)ဦးတို့အား ဒုတိယအကြိမ် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ထိုးရန်ကျန်ရှိနေသော ကျောင်းများသို့လည်း ဆက်လက်ကွင်းဆင်း ထိုးနံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)